Labels

Monday, October 21, 2019

စစ်တွေ - ကျောက်ဖြူ တိုက်ရိုက် (ပင်လယ်ပြင်ဖြတ်သန်း)ခရီးစဉ် ပြန်လည် ပြေးဆွဲမည် အောက်တိုဘာ ၂၂




စစ်တွေ - ကျောက်ဖြူ တိုက်ရိုက် (ပင်လယ်ပြင်ဖြတ်သန်း)ခရီးစဉ် ကိုလာမည့်​အောက်တိုဘာ ၂၃ရက်မှ စ၍ပြန်လည် ပြေးဆွဲမည်ဖြစ်​ကြောင်း ပြည်တွင်း​ရေ​ကြောင်းဦးစီးဌာန မှသတင်းရရှိသည်။
ဂျပန်နိုင်ငံမှအသစ်ရောက်ရှိလာသောကစ္ဆပနဒီ ၃ ရေယာဉ်ဖြင့်စစ်တွေကျောက်ဖြူတိုက်ရိုက်
(ပင်လယ်ပြင်ဖြတ်သန်း)ခရီးစဉ်အား ၂၀၁၉ ဧပြီလ ၅ ရက်မှ စတင် ပြေးဆွဲ‌ခဲ့ပြီး မိုးတွင်းကာလ၌ ယာယီရပ်နားခဲ့ကြောင်း၊ ယခုအခါပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် စစ်တွေကျောက်ဖြူ တိုက်ရိုက်(ပင်လယ်ပြင်ဖြတ်သန်း)ခရီးစဉ်အား အပတ်စဥ် ဗုဒ္ဓဟူး​နေ့တိုင်း ​ေြပးဆွဲ​ပေးသွားမည် ဖြစ်​ကြောင်းသိရသည်။
ကစ္ဆပနဒီ၃ ​ရေယာဥ်သည် စစ်တွေမှကျောက်ဖြူသို့ဗုဒ္ဓဟူးနေ့တွင်ထွက်ခွါပြီး၊ကြာသပတေးနေ့တွင်ကျောက်ဖြူမှစစ်တွေသို.ပြန်လည်ထွက်ခွါမည်ဖြစ်သည်။ ထို့အပြင် စစ်တွေ - မြေပုံ - ကျောက်ဖြူခရီးစဉ်အ​နေဖြင့် ကစ္ဆပနဒီ ၁ ရေယာဉ်ဖြင့်အပတ်စဉ်သောကြာနေ့တိုင်းပုံမှန်ပြေးဆွဲလျက်ရှိ​ကြောင်းသိရသည်။
သီရိနွယ်
ပုံ-ပို့​ဆောင်​ရေး

No comments:

Post a Comment