Labels

Wednesday, December 11, 2019

Employer Awards 2019တွင် မြန်မာဘရူဝါရီကုမ္ပဏီမှ ကဏ္ဍ္(၁၀)ခုအတွက်ဆုများ ဆွတ်ခူးရရှိ - ဒီဇင်ဘာ ၁၂ရက်

မြန်မာနိုင်ငံတွင် ဘီယာများထုတ်လုပ်ရေးနှင့်ဖြန့်ချီရေးထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သော မြန်မာဘရူဝါရီလီမိတက် သည် Myanmar Employer Awards 2019 အခမ်းအနား၌ ကဏ္ဍ(၁၀)ခုအတွက် ဆုများ ဆွတ်ခူးရယူကာ သမိုင်းမှတ်တိုင်ဆိုက်ထူ၍ အောင်ပွဲခံအခမ်းအနားကို Myanmar Brewery Head-Office (13 floor, Sule Squre)တွင် ဒီဇင်ဘာလ ၁၁ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့သည်။
မြန်မာဘရူဝါရီသည် Myanmar Employer Awards 2019 ပွဲ၌ People Choice Award နှင့် Best of the best award ဆုအပါအဝင် ကုမ္ပဏီအတွင်း နိုင်ငံတကာစံညွှန်းနှင့်အညီ လုပ်ငန်း​ဆောင်ရွက်ခြင်းများ၊ ဝန်းထမ်းများအ​ပေါ် နိုင်ငံတကာစည်းမျဥ်းစည်းကမ်းအတိုင်းစီမံခန့်ခွဲနိုင်ခြင်း စသည့်ကဏ္ဍအလိုက်များအလိုက် ​ရွှေတံဆိပ် ၈ခု စုစု​ပေါင်းဆုကြီး (၁၀)ဆုရရှိခဲ့​ကြောင်းသိရသည်။

'' မြန်မာဘရူဝါရီ အနေနဲ့ ဒီMyanmar Employer Awards အခမ်းအနားကြီးမှာ အသိမှတ်ပြုခံရတာ အခုဆို(၃)နှစ်ရှိပါပြီ။People Choice Awardနဲ့ Best of the best awardကို ကျွန်တော်တို့ (၂)နှစ်ဆက်တိုက် ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဒါဟာကျွန်တော်တို့ကုမ္ပဏီတွင်းပါဝင်ပတ်သတ်သူ Stakeholders တွေအားလုံးကြားထဲမှာလေးစားမှုနဲ့ပိုမို ယုံကြည်မှုကိုရရှိဖို့အတွက် ပိုမိုကောင်းမွန်စေတဲ့၊အောင်မြင်နေတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ထုံးစံတွေရဲ့ သက်သေပဲဖြစ်ပါတယ် "ဟု ပေါင်းစည်းစျေးကွက်ဖော်ဆောင်ရေးဌာန ၏ မန်နေဂျာတစ်ဦးဖြစ်သူ ဦးကျော်ကြားမှ ပြောကြားခဲ့သည်။
Myanmar Brewery Limitedသည် (၂၀၂၀)ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွက် နိုင်ငံတကာတွင် ဂုဏ်ယူဝင့်ကြွားရသော ကုမ္ပဏီတစ်ခုအဖြစ်၊ စားသုံးသူများ၏နေ့စဥ်လူမှုဘဝအတွက် တန်ဖိုးရှိသော အစိတ်အပိုင်းတစ်ခုအဖြစ်၊ လက်တွဲဖော်များ၏ စီးပွားရေးလုပ်ငန်းအဖြစ်၊ လူမှုအသိုင်းအဝိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်လာစေရန် ရှေးရှုးမျှော်မှန်းထားကြောင်း သိရပါသည်။
ရှင်ငြိမ်း(သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment