မြန်မာနိုင်ငံ၏ အိမ်သုတ်ဆေးထုတ်လုပ်၊ရောင်းချမှုတွင် နံပတ်တစ်နေရာ ရယူထားသော UPG က၎င်းကုမ္ပဏီ ဖြစ်တည်ရာ နှစ်၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ်အနေဖြင့် ဓါတ်ပုံပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဓါတ်ပုံပြိုင်ပွဲကို '' Environmental ,Safety & Quality with UPG "ခေါင်းစဥ်ဖြင့်ယှဥ်ပြိုင်ရမည်ဖြစ်ကာ ဖုန်းကင်မရာမှအပ ကြိုက်နှစ်သက်ရာ မည်သည့်ကင်မရာဖြင့်မဆိုယှဥ်ပြိုင်နိုင်ကြောင်း၊ဆုကြေးများအနေဖြင့် ပထမဆု သိန်း ၂၀ကျပ်၊ဒုတိယဆု ၁၅သိန်းကျပ်၊တတိယဆု ၁၀သိန်းကျပ်၊နှစ်သိမ့်ဆု ၉ဆု ၃သိန်းကျပ်စီနှင့် ဆုမရရှိသော်လည်း ကုမ္ပဏီစိတ်ကြိုက် ဓါတ်ပုံများ များရွေးချယ်ခံရပါက တစ်ပုံကျပ် ၂သိန်း စီသီးသန့်ဆုချီးမြှင့်သွားအုံးမည်ဖြစ်ကြောင်း UPGမှ တာဝန်ရှိသူတို့ပြောကြားချက်အရ သိရသည်။
ပြိုင်ပွဲဝင်ရန်အသေးစိတ် စည်းမျဥ်းစည်းကမ်းချက်များကို UPG ပေ့စ်တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပြီး e-mail address- info@upgpaint.comသို့ 25th anniversary photo contest ခေါင်းစဥ်တပ်၍ RGB, JPEG format ဖြင့် ဓါတ်ပုံတစ်ပုံလျှင် 5-10MB အတွင်း ရှိရမည်ဖြစ်ကြောင်း၊ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၅ရက် ညနောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်းသိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)
No comments:
Post a Comment