Labels

Friday, November 8, 2019

ဆိုင်ကလုန်းမုန်တိုင်းဘာဘ်ဘယ် မြန်မာနိုင်ငံအတွက် အဝါ​ရောင်အဆင့် သတ်မှတ် - နိုဝင်ဘာလ ၉ ရက်


ယ​နေ့ မြန်မာစံတော်ချိန် ၇နာရီအချိန်မိုး​လေဝသနှင့်ဇလ​ဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)သည် ရအိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ အရှေ့ တောင်ဘက် ရေမိုင်(၇၀)မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလားပြည် နယ်-West Bengal)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ အနောက်တောင်ဘက် ရေမိုင်(၂၀၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၃၀၀)မိုင်ခန့်နှင့် မောင်တောမြို့(Maungdaw)၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
"ဘာဘ်ဘယ်" (BULBUL)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်​ကြောင်း၊
ယ​နေ့ည​နေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ စာဂါကျွန်း နှင့် ခီပူပါရာမြို့(Khepupara)တို့ကြားမှအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အနေဖြင့် ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းထား​ကြောင်းသိရသည်။
ယင်းမုန်တိုင်းအရှိန်​ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့် နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် အထိ လှိုင်းကြီးနိုင်​ကြောင်းသိရသည်။
သီရိနွယ်
ပုံ-မိုး/ဇလ

No comments:

Post a Comment