Labels

Friday, November 22, 2019

အ​ခြေခံလူတန်းစားများအတွက်အထူးရည်ရွယ်၍ ဒီဇင်ဘာည​စျေး​ရောင်းပွဲ​တော်ကျင်းပမည် - နို၀င်ဘာ ၂၃ရက်


အ​ခြေခံလူတန်းစားများအတွက်အထူးရည်ရွယ်၍ The Circle Event Group မှ ဒီဇင်ဘာည​စျေး​ရောင်းပွဲ​တော်ကိုဒီဇင်ဘာလ ၆ရက်မှ ၈ရက်​နေ့အထိ အထူး​သင့်တင့်​သောစျေးနှုန်းများဖြင့် ခင်းကျင်း​ရောင်းချသွားမည်ဖြစ်​ကြောင်း သိရသည်။
December Night Market စျေး​ရောင်းပွဲ​တော်ကို​မြောက်ဥက္ကလာမြို့နယ် ခ​ရေပင်လမ်းနှင့် အမှတ် ၃ လမ်းမကြီး​ထောင့်ရှိ Terminal M- Leisure Mall တွင် ည​နေ၃နာရီမှ ည ၁၀နာရီ အထိကျင်းပသွားမည်ဖြစ်ကာ မည်သူမဆိုအခမဲ့ လာ​ရောက်နိုင်​ကြောင်းသိရသည်။အဆိုပါ​စျေး​ရောင်းပွဲ​တော်တွင်အဆို​တော်များစွာ၏​သီဆိုဖျော်​ဖြေမှုများ၊Yangon Street Performance Project ၏တင်ဆက်မှုများ၊က​လေးများတွက်သီးသန့်ကစားကွင်းများအပြင် အစား​သောက်​စျေးတန်း၊ဖက်ရှင်​စျေးတန်း၊အသုံး​ဆောင်ပစ္စည်း​စျေးတန်း ဟူ၍ စနစ်တကျသတ်မှတ်ထားကာ ဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့်​ရောင်းချ​ပေး​နေပြီး ​​စျေးပွဲ​တော်၃ရက်စလုံးအတွက် ဆိုင်ခန်းတစ်ခန်းလျှင် ၂သိန်း ကျပ်သာရှိ​ကြောင်း သတင်းရရှိသည်။
ထို့အပြင် ဆိုင်ခန်းများဝယ်ယူလိုပါက ဖုန်းနံပါတ် 09 5130282, 09 250498801နှင့် 09 5146369 သို့ဆက်သွယ်စုံစမ်းနိုင်​ကြောင်းသိရသည်။
သီရိနွယ်( သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment